ကိုယ်ပိုင်အသိဉာဏ်ဖြင့် ပြုလုပ်သော တီထွင်ဖန်တီးမှုများကို အကာအကွယ်ပေးရန် ဥပဒေအရပေးအပ်သည့်အခွင့်အရေးကို ဆိုလိုပါသည်။

မြန်မာပြည် မူပိုင်ခွင့်ဥပဒေတွင် (၁) ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေ the Trademark Law ၊ (၂) စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ the Copyright Law၊ (၃) တီထွင်မှုမူပိုင်ခွင့်ဥပဒေ the Patent Lawနှင့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ the Industrial Design Lawဟူ၍ မူပိုင်ခွင့်ဥပဒေ (၄) မျိုးရှိပါသည်။.
(၁) ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်းတစ်ခုကို ကိုယ်ပိုင်အမည်နာမများ၊ အက္ခရာများ၊ ကိန်းဂဏန်းများ၊ ပုံဖော်ထားသော အစိတ်အပိုင်းများ၊ အရောင်အသွေး ပေါင်းစပ်မှုတို့ အပါအဝင် မျက်စိဖြင့် မြင်တွေ့နိုင်သာ အမှတ်အသားတစ်ခုခုကိုသော်လည်းကောင်း၊ ယင်းအမှတ်အသား တစ်ခုနှင့်တစ်ခု ပေါင်းစပ်ထားသည့် အမှတ်အသားတစ်ခုခုကိုသော်လည်းကောင်း မှတ်ပုံတင်လိုလျှင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေဖြင့် မှတ်ပုံတင်ရမည်။.
(၂) စာပေ သို့မဟုတ် အနုပညာလက်ရာများနှင့် ဆင့်ပွားလက်ရာများကို မှတ်ပုံတင်လိုလျှင် စာပေနှင့်အနုပညာမူပိုင်ခွင့် ဥပဒေဖြင့် မှတ်ပုံတင်ရမည်။.
(၃) နည်းပညာနယ်ပယ်ရှိ သီးခြားအခက်အခဲပြဿနာတစ်ရပ်ကို ဖြေရှင်းပေးနိုင်သည့် ထုတ်ကုန် သို့မဟုတ် ထုတ်လုပ်မှုနည်းစဉ်ဆိုင်ရာ ဖန်တီးမှုကို မှတ်ပုံတင်လိုလျှင် တီထွင်မှု မူပိုင်ခွင့်ဥပဒေဖြင့် မှတ်ပုံတင်ရမည်။.
(၄) မျဉ်းကြောင်းများ၊ ကောက်ကြောင်းများ၊ အရောင်အသွေးများ၊ ပုံသဏ္ဌာန်၊ မျက်နှာပြင် အနေအထား၊ အထည်အလိပ်အသား၊ ထုတ်ကုန်ပစ္စည်းတို့၏ သွင်ပြင်လက္ခဏာများ သို့မဟုတ် ယင်းတို့၏ အလှအပအဆင်တန်ဆာ သို့မဟုတ် ယင်းတို့၏ သွင်ပြင်လက္ခဏာများနှင့် အလှအပအဆင်တန်ဆာတို့မှ ပေါ်ထွက်လာသော စက်မှုထုတ်ကုန် သို့မဟုတ် လက်မှုထုတ်ကုန်တစ်ခုလုံး သို့မဟုတ် အစိတ်အပိုင်း တို့၏ အပြင်ပန်းပုံသဏ္ဌာန်ကို မှတ်ပုံတင်လိုလျှင် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေဖြင့် မှတ်ပုံတင်ရမည်။
A&D Myanmar Legal Services